အထက်မင်းလှ မေ ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဝါသီးနှံဧရိယာတိုးချဲ့စိုက်ပျိုးနိုင်ရေး မြေပြင်အခြေအနေ ရှေ့ပြေးစစ်တမ်းကောက်ဆန်းစစ်လေ့လာခြင်း ဆောင်ရွက်မှုကို ယနေ့နံနက် (၉)နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန၊နေပြည်တော်(ရုံးချုပ်)မှ စီမံကိန်းဝါဒါရိုက်တာ ဦးစိုးသိန်းနှင့် ဝန်ထမ်းများ၊ မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါ်မော်မော်ဝင်းနှင့် ဝန်ထမ်းများ၊ သရက်ခရိုင် စိုက်ပျိုးရေးဦးစီးမှူးဦးမြင့်စိုး၊ မင်းလှမြို့နယ် စိုက်ပျိုးရေးဦး စီးမှူးဦးညီညီနိုင်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ၍၊ ရှည်မျှင်ရှည်ဝါ ဧရိယာတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ မြေပြင်အခြေအနေများ၊ တောင်သူများ၏ အခက်အခဲများနှင့်အတွေ့အကြုံ များကိုဆွေးနွေး၍ စစ်တမ်းကောက်ယူခဲ့သည်။
မင်းလှမြို့နယ်တွင် ချည်မျှင်ရှည်ဝါ သီးနှံဧရိယာတိုးချဲ့စိုက်ပျိုးနိုင်ရေးမြေပြင်အခြေအနေ ရှေ့ပြေးစစ်တမ်းကောက် ဆန်းစစ်လေ့လာခြင်းဆောင်ရွက်ရာသို့ တက်ရောက်လာသည့်တောင်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ တာန်ဝန်ရှိသူများက ပြန်လည်းရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ဝါသီးနှံ ဧရိယာ တိုးချဲ့စိုက်ပျိုးနိုင်ရေး မြေပြင်အခြေအနေ စစ်တမ်းကောက် ဆန်းစစ်လေ့လာခြင်းဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာမှ ဝါသီးနှံစိုက်တောင်သူ(၂၅)ဦးနှင့် ဝါကြိတ်လုပ်ငန်းရှင်(၂)ဦးတို့တက် ရောက်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)