သနပ်ပင်မြို့နယ်တွင်  အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေး

သနပ်ပင် မေ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသစ်နှစ်၌  မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများ ကျောင်းအပ်လက်ခံနေမှုအခြေအနေများကို  ယနေ့ နံနက်ပိုင်းက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုသို့ ကျောင်းအပ်နှံနေမှုများကို လိုက်လံစစ်ဆေးရာတွင် သနပ်ပင်မြို့နယ်ပညာရေးမှူး ဦးကျော်မြင့်၊ ဒုတိယပညာရေးမှူး ဦးနေအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ အ.ထ.က(သနပ်ပင်)၊ အ.ထ.က တောင်ဘက်ကမ်း၊ အ.လ.က ဈေးပိုင်းကျောင်းများတွင် ကျောင်းအပ်လက်ခံနေသည့် ဆရာ/ ဆရာများ၊ ကျောင်းလာအပ်ကြည့် ကျောင်းသား ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘမျာအား  မေးမြန်းဆွေးနွေးကာ လိုအပ်သည်များ တင်ပြကြရန်နှင့် ကျောင်းအတွင်းအပြင်နှင့် ကျောင်းပတ်ဝန်းကျင်အား သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည်ရှုခဲ့သည်။

သနပ်ပင်မြို့အတွင်း  အ.ထ.က(၁၁)ကျောင်း၊ အ.ထ.ကခွဲ(၁၂) ကျောင်း၊  အ.လ.က(၁၂)ကျောင်း၊ အ.လ.က ခွဲ (၁၅) ကျောင်း၊ မူလွန်(၆၇)ကျောင်း၊  အ.မ.က(၃)ကျောင်း၊ အ.မ.ကခွဲ(၁)၊ စုစုပေါင်း အခြေခံပညာကျောင်း(၁၂၁) ကျောင်းရှိပြီး ဘုန်တော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း()ရှိပြီး မေလ၂၃ ရက်နေ့မှ မေ ၃၁ရက်နေ့ထိ  ကျောင်းအပ်လက်ခံပေးနေကြောင်း သိရသည်။

လှမိုး(ပြန်/ ဆက်)