ရွှေဘိုတက္ကသိုလ်တွင် မိုးရာသီ စု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရွှေဘို မေ ၂၅

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုတက္ကသိုလ်တွင်၊ ခရိုင်ပတ်ဝန်းကျင်စိမ်းလမ်းစို​ပြည်ရေးဦးစီးဌာမှ ကြီးမှူးကျင်းပသည့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တောသစ်ပင်များကို တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီစု​ပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၈)နာရီချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ​ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်း၊ ခရိုင်သစ်​တောဦးစီးဌာနမှူးတို့က ​ရွှေဘိုတက္ကသိုလ် ​ဒုတိယ​ကျောင်းအုပ်​ဆရာမကြီး ဒေါက်တာတင်တင်ရီနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများထံ သစ်ပျိုးပင်များ ပေးအပ်ခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်ပတ်ဝန်းကျင်စိမ်းလမ်းစို​ပြည်ရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ ပါ​မောက္ခ၊​ကထိက၊ မော်ကွန်းထိန်း၊ နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမများ ဝန်ထမ်းများ တက်​ရောက်ခဲ့ကြပြီး မယ်ဇယ်(၂၀)၊ မယ်ဇလီ(၂၀)နှင့် ယင်းမာ(၂၀) ပိတောက်(၂၀)၊ တမာ(၁၀၀၀)၊ စုစုပေါင်း (၁၀၈၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်