ကွမ်းလုံမြို့၌ မိဘပြည်သူများ အသိပညာဗဟုသုတ ကြွယ်ဝစွာရရှိရေးအတွက် Mobile စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်

ကွမ်းလုံ မေ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ မိဘပြည်သူများ အသိပညာဗဟုသုတကြွယ်ဝစွာရရှိရေးအတွက် Mobile စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ယနေ့နံနက် (၁၀) နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာ၌ ယခင်ငှားရမ်းထားသော စာအုပ်စာစောင်များကို သိမ်းဆည်းခဲ့ပြီး သုတစာအုပ် (၃၀) အုပ်အား ပြန်လည်ငှားရမ်းပေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွမ်းလုံမြို့နယ်ရုံးသည် မိဘပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေရန်အတွက် စာဖတ်ဝိုင်းများ၊ စာအုပ်စာစောင်ပြပွဲများ၊ အသိပညာပေးဟော ပြောပွဲများနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ၊ Talk Show ရိုက်ကူးထုတ်လွှင့်ခြင်း လုပ်ငန်း များကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)