မင်းလှ မေ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စားသုံးသူရေးရာဦးစီးဌာနက ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်အတွက် ဈေးကွက်အတွင်း ရောက်ရှိနေသည့် တရားမဝင်ဆေးဝါးများ ဆိုင်ရာအချက်အလက်များ ဗီနိုင်းပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲချိန်က လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းပိုင်၊ စားသုံးသူရေးရာဦးစီးဌာ မြို့နယ်တာဝန်ခံဦးစိန်ဝင်းနှင့် ဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ လူစည်ကားရာ မြို့အဝင် သရက်တပင်တာဆုံ၊ မီးရ ထားဘူတာရုံ၊ ဈေးချိုတန်းလမ်းနှင့် ပေါက်ပင်တန်းလမ်းထောင့်စုံ နေရာများတွင် ဆိုင်းဘုတ်စိုက်ထူပေးခဲ့ကြသည်။
အဆိုပါ ဗီနိုင်းဆိုင်းဘုတ်တွင် အင်္ဂလန်နိုင်ငံရှိ Astra Zeneca Company မှ ထုတ်လုပ်သည့် Creator 10 mg အမျိုးအစားဈေးကွက်အတွင်း တရားမဝင် ရောင်းချနေမှုနှင့် စပ်လျဉ်း၍ Creator 10 mg Tablet အတု/အစစ်နှင့် တရားမဝင်ဆေးဝါး(၁၇) မျိုး၏ဓာတ်ပုံနှင့် အချက်အလက်များ ပါဝင်ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)