နွားထိုးကြီး မေ ၂၅
မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းအားလုံး ကျောင်းအပ်လက်ခံလျက်ရှိရာ မြင်းခြံခရိုင်၊ နွားထိုးကြီး မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ယနေ့ နံနက်ပိုင်းမှ စတင်၍ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံလျက်ရှိသည်။
ကျောင်းအပ်လက်ခံရာ၌ အသက် (၅) နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG) သို့ အပ်နှံရမည်ဖြစ်ပြီး၊ အသက် (၆)နှစ်အရွယ်ကလေးများကို ပထမတန်း (Grade -1 ) သို့အပ်နှံ ရ မည်ဖြစ်ပြီး၊ KG တန်းမှ Grade -11 အထိ ယနေ့မှစ၍ ကျောင်းအပ်လက်ခံနေပြီဖြစ်သည်။ ကျောင်းအပ်နှံရာတွင် မည်သည့် အခကြေး ငွေမျှ ပေးစရာမလိုဘဲ၊ ကျောင်းသား၊ ကျောင်းသူများ ကို ပုံနှိပ်စာအုပ်၊ ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံ တစ်စုံတို့ကို အခမဲ့ ထုတ်ပေးခဲ့သည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် နွားထိုးကြီးမြို့နယ်၌ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများသို့ ကျောင်းသား မိဘများ၊ ကျောင်းသား ကျောင်းသူများက လာရောက်အပ်နှံကြပြီး ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများက အဆင်ပြေ ချောမွေ့စွာ လက်ခံလျက်ရှိပြီး စာသင်ကျောင်း (၁၆၅)ကျောင်း၌ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းကို မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သန်းအောင်ဇော်