၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကျိုက်မရော မေ ၂၅

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျိုက်မရောမြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (ကျိုက်မရော) ပညာအားမာန်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်စုစုဌေးက ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံထားမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ကျိုက်မရောမြို့နယ်အနေဖြင့် ကျောင်းစတင်အပ်ခံသည့်မေလ ၂၃ ရက်နေ့မှ ယနေ့ထိ ကျောင်းအပ်နှံထားပြီးသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၂၅၀၄) ဦးရှိပြီး မိဘများအနေဖြင့် တက်တက်ကြွကြွ လာရောက်အပ်နှံကြသည်ကိုတွေ့ရပြီး ယခင်နှစ်ကထက် ကျောင်းအပ်နှံသူ ရာခိုင်နှုန်း တိုးတက်မှုရှိကြောင်းနှင့် ကျောင်းအပ်နှံသည့် မူလတန်း၊ အလယ်တန်းကလေးများအား ဗလာစာအုပ်၊ ထီး၊ မိုးကာနှင့် ကျောပိုးအိတ်များ အခမဲ့ထောက်ပံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခမဲ့ထောက်ပံပေးသော ကျောင်းသုံးစာအုပ်၊ စာရေးကိရိယာများကို ကျောင်းသူ၊ ကျောင်းသားများအား မြို့နယ်စီမံအုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အလှူရှင်များက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)