တောင်သာမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု လက်ခံခြင်းများ ဆောင်ရွက်

တောင်သာ  မေ ၂၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မေလ (၂၃) ရက်နေ့ နံနက် (၉) နာရီမှ စတင်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု လက်ခံခြင်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်သာမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၆) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (၃၁) ကျောင်း၊ အလယ်တန်းကျောင်း (၂၅) ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၁၀)ကျောင်း၊ မူလတန်း (လွန်) ကျောင်း (၃၀) ကျောင်း၊ မူလတန်းကျောင်း (၉၀) ကျောင်း၊ မူလတန်းကျောင်း (ခွဲ) (၃) ကျောင်းနှင့် ဘက ကျောင်း (၁၀) ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း (၂၂၃) ကျောင်း ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။                                     

ကျော်မျိုးနိုင်(တောင်သာ)