ရွှေဘိုမြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

​ရွှေဘို ​​မေ ၂၅

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းဆင်းပွဲကို ယမန်နေ့ည​နေပိုင်းက ရွှေဘိုခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦး​အောင်မြင့်က ​သင်တန်းတက်​ရောက်လာ​သော ​ဒေသခံပြည်သူများ အနေဖြင့် တစ်နိုင်တစ်ပိုင် ပြုလုပ်သုံးစွဲခြင်းဖြင့်၊ မိသားစုအိမ်သုံးစရိတ် လျှော့ချနိုင်​စေရန် ရည်ရွယ် ဖွင့်လှစ်​ပေးခြင်းဖြစ်​ကြောင်း ​ပြောကြားခဲ့ပြီး၊ ခရိုင်အ​သေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ လက်​ထောက်ညွန်ကြား​ရေးမှူး ဦးမျိုးထက်​မောင်က သင်တန်းဖွင့်လှစ်​ပေးနိုင်မှု အခြေအ​နေနှင့် သင်တန်းသား/သူများအား စီးပွားဖြစ် လူသုံးကုန်ထုတ်လုပ်နိုင်​ရေး ကူညီ ဆောင်ရွက်​ပေးသွားမည်ဖြစ်​ကြောင်း​ ပြောကြားခဲ့ပြီး၊ တာဝန်ရှိသူများက၊ သင်တန်းဆင်းလက်မှတ်နှင့် ဆုရရှိသူများအား လက်​ဆောင်ပစ္စည်းများ ​ပေးအပ်ကာ အမှတ်တရ စု​ပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့သည်။

အဆိုပါ သင်တန်းတွင် နည်းပြများက၊ လူသုံးကုန်ပစ္စည်းများတွင် အသုံးပြု​သော လုပ်ငန်းသုံး ဓါတုပစ္စည်းများအ​ကြောင်း၊ ပန်းကန်​ဆေး၊ အဝတ်​လျှော်၊ လက်​ဆေးရည်ပြုလုပ်နည်း၊ ကိုယ်တိုက်ဆပ်ပြာခဲ၊​ ခေါင်း​​လျှော်ရည် ဆပ်ပြာမှုန့်၊ အ​မွေးဆီ၊ Hand Gel ၊ Hand Spray ပြုလုပ်နည်းများကို (၂၂.၅.၂၀၂၃မှ ၂၄.၅.၂၀၂၃)ရက်​နေ့ထိ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား/သူ (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်