ဒလမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ပညာရေးစစ်ကြောင်းအနေဖြင့် ကျောင်းဆောင်သစ်များ တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဒလ မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍  ပညာရေးစစ်ကြောင်းအနေဖြင့် ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာကျောင်းများရှိ ကျောင်းဆောင်သစ်များတည်ဆောက်ပြီးစီးမှု အခြေအနေများကိုကြည့်ရှုရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုကို ပညာရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်အေးခေါင်းဆောင်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တကောင်းပါဝါကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့သော ကမာကဆစ်ရပ်ကွက်ရှိ  အ.ထ.က(၂)ကျောင်းတွင် ပေ ၁၄၀ × ပေ ၃၀(RC)နှစ်ထပ်ကျောင်းဆောင်သစ်ကို ဘဏ္ဍာရေးနှစ်၏ သတ်မှတ်  ၅၀ ရာခိုင်နှုန်း ပြီးစီးမှုကိုလည်းကောင်း၊ တကောင်းပါဝါ ကုမ္ပဏီကတာဝန်ယူတည်ဆောက်ခဲ့သော မြို့မ(၄)ရပ်ကွက်ရှိ အ.ထ.က(၁)ကျောင်းတွင် ပေ ၁၄၀ × ပေ ၃၀ (RC)နှစ်ထပ်ကျောင်းဆောင်  သစ်ကို ဘဏ္ဍာရေးနှစ်၏ သတ်မှတ်  ၅၀ ရာခိုင်နှုန်း ပြီးစီးမှုတို့ကိုလည်းကောင်း၊ အောင်နန်းပြည့်ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့သော မြို့မ(၃)ရပ်ကွက်ရှိ အ.မ.က(၂)ကျောင်းတွင် ပေ ၅၀ × ပေ ၃၀ (RC)နှစ်ထပ်ကျောင်းဆောင်သစ်ကို ဘဏ္ဍာရေးနှစ်၏ သတ်မှတ် ၅၀ ရာခိုင်နှုန်း ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ကြသည်။

ထိုပညာရေးစစ်ကြောင်း ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရွှေလှိုင်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဌာနတို့မှ တာဝန်ရှိသူတို့က ကျောင်းဆောင်သစ်များတည်ဆောက်ပြီးစီးမှုအခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ ကောင်းမွန်သောအစီအစဉ်ဖြစ်စေရန် အကြံပြုလမ်းညွှန်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရှိရသည်။

မြို့နယ် (ပြန်/ဆက်)