စုကလိ မေ ၂၆
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းအား ယနေ့နံနက်ပိုင်းအချိန် က စာရေးဆရာမသျှီအင်ကြင်းရေးသားသည့် ကမ်းဆင့်လက်မွန်စာအုပ်ဖြင့် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှစာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောပြပြီး ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဦးကိုကိုအောင်က စာမျက်နှာ ၄၄ ပါ စည်းဝိုင်းထဲမှာခေါင်းစဥ်ဖြင့် ဝတ္တုတိုအား လည်းကောင်း၊ စာပေချစ်မြတ်နိုးသူများအသင်းမှ အသင်းဝင်ဦးဥတ္တရမောင်က စာမျက်နှာ ၁၆၅ ပါ အဖြူခေါင်းစဥ်ဖြင့် ဝတ္ထုတိုအားလည်းကောင်း၊ အသီးသီး ဆွေးနွေးပေးခဲ့ပြီး သိရှိလိုသည်များအား မေးမြန်းကြရာ စာကြည့်တိုက်တာဝန်ခံမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရသည် ။
ပိုပိုအောင်