၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာ၀န်ပေးအပ်ပွဲအခမ်းအနား သုံးခွမြို့၌ ကျင်းပ

သုံးခွ မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာ၀န်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်ကအဖွင့်အမှာစကားပြောကြားရာတွင် သုံးခွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်လုပ်ငန်းကဏ္ဍအလိုက်  လျာထားသည့်စီမံကိန်းလုပ်ငန်းတွေက သုံးခွမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူတွေအားလုံး သာယာ၀ပြောရေး၊ စားနပ်ရိက္ခာဖူလုံးရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး၊ အလုပ်အကိုင်အခွင့်လမ်းတွေပိုမိုဖန်တီးပေးနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်တဲ့လုပ်ငန်းတွေကို အဓိကလျာထားရေးဆွဲပေးတာဖြစ်တဲ့အတွက်ကြောင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေက မိမိတို့၏စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်တဲ့အခါမှာ ဒေသနှင့်အညီနိုင်ငံသားတိုင်း အကျိုးစီးပွားအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းအားဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အလေးအနက်ထား ဆောင်ရွက်ဖို့လိုကြောင်းစသည်ဖြင့် ပြောကြားခဲသည်။

ဆက်လက်၍မြို့နယ်စီမံကိန်းရေးဆွဲ‌ရေးဦးစီးဌာနမှ ဦးစီးဌာနမှူးဒေါ်မိုးမိုးလွင်က ဒေသန္တရစီမံကိန်းရည်မှန်ချက်များနှင့် ပတ်သက်၍လုပ်ထုံးလုပ်နည်းများကို ရှင်းပြရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စီမံကိန်းရည်မှန်းချက် အကောင်အထည်ဖော်နိုင်မှုသည် ၉၈.၉% အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ရင်းနှီးမြှပ်နှံမှုကတော့ ၉၈.၉% အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ကော်မတီဥက္ကဋ္ဌမှ မြို့နယ်အဆင့်ဌာနဆိုင်ရာများသို့ ဒေသန္တရစီမံကိန်းတာ၀န်များအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့်အဖွဲ့၀င်များ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြကြောင်းသိရသည်။

စည်သူလင်း ပြန်/ဆက်