ပန်းတောင်း မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ပန်းရံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးမာက သင်တန်းသားများအားအသက်မွေးဝမ်းကြောင်းအဖြစ် ပန်းရံသင်တန်းတက်ရောက်ခဲ့၍ လက်တွေ့တွင်အကျိုးရှိစွာအသုံးချတတ်စေရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသောသင်တန်းသား(၂၀)ဦးအား ပန်းရံသင်တန်းနှင့်ပတ်သက်သည့် အထောက်အကူပြုပစ္စည်းများ၊ ဂုဏ်ပြုလွှာများပေးအပ်ခဲ့ပြီး သင်တန်းကာလမှာ ရက်(၂၀)ကြာမြင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)