နတ်တလင်းမြို့တွင် လေဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့‌ငွေများပေးအပ်

နတ်တလင်း မေ ၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများမှ အမိုးလန်ပျက်ဆီးဆုံးရှုံးသွားသည့် နေအိမ်မှအိမ်ထောင်စုဝင်များကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဦးစီးဌာနက ထောက်ပံ့‌ငွေများပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့  နေ့လယ် ၁ နာရီချိန်ကပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဇီးကုန်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဦးစီးဌာနဝန်ထမ်းများက  မေ ၂၄ ရက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၅) အုပ်စုတွင်ဖြစ်ပွားခဲ့သော အမိုးလန်နေအိမ်(၁၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၇၀၀၀၀)ကျပ်နှင့် အိမ်ထောင်စု(၁၀)စုရှိ လူဦးရေ(၃၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၇၅၆၀၀)ကျပ် စုစုပေါင်း(၄၄၅၆၀၀)ကျပ်အား ဘေးသင့်ပြည်သူများလက်ဝယ်အ‌ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)