ကြာအင်းဆိပ်ကြီးမြို့နယ်၌ အခြေခံပညာ ကျောင်းသား/ကျောင်းသူ (၁၁၅၃၀)ဦး ကျောင်းအပ်နှံပြီးဖြစ်

ကြာအင်းဆိပ်ကြီး မေ ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတစ်ဝန်းလုံး၌ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ အခြေခံပညာအားလုံးတွင် မေလ ၂၃ ရက်နေ့မှ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ်သတ်မှတ်ထားပြီး ဇွန်လ ၁ ရက်နေ့ မှစတင်ကာ စာသင်ကျောင်းများအား ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင်ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မေလ ၂၅ ရက်နေ့အထိ အခြေခံပညာ ကျောင်းသား ကျောင်းသူ(၁၁၅၃၀)ဦး ကျောင်းအပ်နှံပြီးဖြစ်ကြောင်းသိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နှင့်ဘုရားသုံးဆူမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု၊ ကျေးရွာများရှိ အခြေခံပညာအထက်တန်းကျောင်း (၂၃)ကျောင်း၊ အလယ်တန်းကျောင်း(၃၅)ကျောင်း၊ မူလတန်းကျောင်း(၆၄) ကျောင်း၊ စုစုပေါင်း (၁၂၂) ကျောင်း ဖွင့်လှစ်နိုင်ပြီး သင်ကြားရေး ဆရာ/ဆရာမ အထက်တန်းတွင်(၁၀၀)ဦး၊ အလယ်တန်းတွင်(၃၃၇)ဦး၊ မူလတန်းတွင်(၆၉၉)ဦးရှိပြီး မေလ ၂၅ ရက်နေ့အထိ ကျောင်းသား/ကျောင်းသူ အထက်တန်းတွင်(၆၄၁)ဦး၊ အလယ်တန်းတွင်(၁၈၈၇)ဦး၊ မူလတန်းတွင်(၉၀၀၂)ဦး၊ စုစုပေါင်း(၁၁၅၃၀)ဦး၊ ကျောင်းအပ်နှံပြီးဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင် အသက်(၅)နှစ်အရွယ်ကလေးငယ်များအား သူငယ်တန်း(KG)တွင်အပ်နှံ၍ (၆)နှစ်အရွယ်ကလေးငယ်များကို ပထမတန်း (Grade-1) သို့အပ်နှံရမည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်နှံရာ၌ မည်သည့်အခကြေးငွေမှ ကောက်ခံခြင်းမရှိကြောင်းနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် စာရေးဗလာစာအုပ်များအား အခမဲ့ထုတ်ပေးလျက်ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးမင်းဦး(ပြန်/ဆက်)