လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ လားရှိုးမြို့ စင့်အင်ကျေးရွာ ပြည်သူလူထုများနှင့် တွေ့ဆုံ

လားရှိုး အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ စင့်အင်ကျေးရွာသို့ ယမန်နေ့ နံနက်(၁၁)နာရီအချိန်က လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများကွင်းဆင်း၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူလူထုများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦး၊ မြို့နယ်ကျန်းမာရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိတို့က ဌာနလုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနိုင်မည့်ကိစ္စများနှင့် ပတ်သက်၍ လည်းကောင်း အသီးသီး ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူလူထုများက ရပ်ရွာလိုအပ်ချက်များကို တင်ပြရာ သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။       

စိုင်းအောင်ကျော်စိုး