ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်(ဆင့်ပွား) အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဒဂုံအရှေ့ အောက်တိုဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ် အခြေခံပညာဦးစီးဌာနမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးမြို့နယ်အဆင့်(ဆင့်ပွား) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်း(၁)နာရီကဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

အလုပ်ရုံဆွေးနွေးပွဲတွင်ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပညာရေးမှူးဒေါ်ထူးထူးလွင်က မိမိအနေဖြင့်အခြေခံပညာဦးစီးဌာန(ရုံးချုပ်)မှ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပညာရပ်များကို မြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအားမြို့နယ်အဆင့် (ဆင့်ပွား)ပေးခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် ပညာရေးဌာနသည် အရေးကြီးသော ဌာနတစ်ခုဖြစ်၍ မြို့နယ်အတွင်းတည်ရှိသော ရပ်ကွက်၊ ကျေးရွာများရှိ စာသင်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၏ စီမံခန့်ခွဲမှုသည်အဓိကကျကြောင်းနှင့် ခေါင်းဆောင်ကောင်းအရည်အချင်းပြည့်ဝရန် အရည်ချင်းစိတ်နေသဘောထားအပေါ် တန်ဖိုးများကို လက်တွေ့ဆောင်ရွက်ရန်လိုအပ်သော အချက်အလက်များအား အကျယ်တဝင့် ရှင်းလင်းဆွေးသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများတက်ရောက်ခဲ့ကြပြီးနောက်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှကျောင်အုပ်ဆရာကြီး၊ ဆရာမကြီးစုစုပေါင်း(၃၃) ဦးတက်ရောက်ကြပြီး ဆွေးနွေးပွဲကို(၃)ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးရုံးမှသိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)