လားရှိုး အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ စင့်အင်ကျေးရွာတွင် ယနေ့နံနက်(၁၀)နာရီအချိန်က အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လားရှိုးခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လားရှိုးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကြည်မော်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လားရှိုးခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းမှ ထွက်ရှိသောထုတ်ကုန်များပေးအပ်ရာ သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းအား လားရှိုးမြို့နယ် စင့်အင်ကျေးရွာတွင် (၁၇-၁၀-၂၀၂၂)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် ရေချိုးဆပ်ပြာ အခဲ/အဆီ/၊ လက်သန့်ဆေး၊ မှန်ကြည်ဆေး၊ ခေါင်းလျှော်ရည် အမျိုးမျိုးပြုလုပ်နည်း စုစုပေါင်း(၁၂)မျိုး သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။
စိုင်းအောင်ကျော်စိုး