တောင်ကုတ်မြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်

တောင်ကုတ်   အောက်တိုဘာ  ၂၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ဝက်ကျိတ်‌ကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်းကျောင်း(မူလွန်)၌ ယနေ့မွန်းလွဲ(၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

နယ်လှည့်စာကြည့်တိုက်နှင့်နံရံကပ်စာစောင်ပြပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာစာအုပ်များ၊ ရုပ်ပြနှင့်ပုံပြင်စာအုပ်များကိုခင်းကျင်းပြသခြင်း၊ ဖတ်ရှုခြင်းနှင့်ငှါးရမ်းပေးခြင်းများကို ဆောင်ရွက်ခဲ့သည့်အပြင် အသိပညာပေးနံရံကပ်စာစောင်ပြသရာတွင် မျောက်ကျောက်ရောဂါအကြောင်းသိကောင်းစရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာများနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး မှတ်တမ်းဓာတ်ပုံများကိုပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်