အိမ်မဲ အောက်တိုဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျုံတလုတ်ကျောင်းစုကျေးရွာအုပ်စု ကန်ကလေးကျေးရွာ အ.လ.က(ခွဲ)ကန်ကလေးကျောင်းတွင်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ယနေ့နံနက် ၁၀ နာရီတွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များက အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ကဏ္ဍအလိုက် အသီးသီးရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသူများမှ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရှင်းလင်းဖြေကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကျုံတလုတ်ကျောင်းစုကျေးရွာအုပ်စုမှ ပြည်သူ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး ကျေးရွာအတွက် လိုအပ်သော အချက်အလက်များကို တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ)