အမှတ်(၃) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ပြဇာတ်ကြီးတပ်စုမှ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသား ပြည်သူများ စိတ်အပန်းဖြေပျော်ရွင်စေရေး လာရောက်သီဆိုကပြဖျော်ဖြေ

မိုင်းခုတ် အောက်တိုဘာ ၂၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၃)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ပြဇာတ်ကြီးတပ်စုမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စိတ်အပန်းဖြေပျော်ရွှင်စေရေး လာရောက်သီဆိုကပြ ဖျော်ဖြေပွဲကို ယမန်နေ့ည ၇ နာရီမှစတင်၍ မိုင်းခုတ်တပ်နယ်ရှိ ဘုရင့်နောင်ခန်းမ၌ သီဆိုကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

သီဆိုကပြဖျော်ဖြေပွဲတွင် အမှတ်(၃)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ပြဇာတ်ကြီးတပ်စုမှဗိုလ်မှူးတံဇော်ဦး ဦးဆောင်သော အနုပညာရှင် စစ်သည်၊ စစ်သမီးတို့က တေးသီချင်းသီဆို ဖျော်ဖြေရေး အစီအစဉ်များ၊ ယိမ်းအကနှင့် အငြိမ့်ကပြဖျော်ဖြေရေးအစီအစဉ်များ၊ ဟာသပြဇာတ် ဖျော်ဖြေရေးအစီအစဉ်များနှင့် စင်တင်မျက်လှည့်ဖျော်ဖြေရေး အစီအစဉ်များစွာဖြင့် ခင်မင်ရင်းနှီးစွာ ကပြဖျော်ဖြေတင်ဆက်ခဲ့ရာ အားပေးချီးမြှင့်ရန် ကြွရောက်လာကြသည့် တပ်ရင်း၊ တပ်ဖွဲ့မိသားစုဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြို့မိ/မြို့ဖများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများမှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ သီဆိုကပြဖျော်ဖြေပွဲကို အောက်တိုဘာ ၂၁ မှ အောက်တိုဘာ၂၂ ရက်နေ့အထိ မိုင်းခုတ် တပ်နယ်ရှိ ဘုရင့်နောင်ခန်းမ၌ (၂)ရက်တိုင်တိုင် သီဆိုကပြ ဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)