ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စားသောက်ရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ကြက်သား၊ ကြက်ဥနှင့်ရာသီပေါ်သီးနှံများကို သက်သာသော စျေးနှုန်းများဖြင့်ရောင်းချ

နတ်မောက် အောက်တိုဘာ ၂၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်တွင်းကြီး တပ်နယ်အခြေခံစား သောက်ကုန်နှင့် အသားငါး၊ ဟင်းသီးဟင်းရွက်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့မစည်ပင်သာယာရေးစျေးအနီးရှိ ဥပဒေရုံးရှေ့တွင် ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချပေးလျက်ရှိရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ဘက်စုံစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် ဆန်၊ ဆီ၊ ကြက်သား၊ ကြက်ဥ၊ ဂေါ်ရခါးသီး၊ ပဲသီး၊ ချဉ်ပေါင်ရွက်စသည့် ရာသီသီးနှံများကို ပြင်ပပေါက်စျေးထက်သက်သာသော စျေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်