ချောင်းဆုံ အောက်တိုဘာ ၃၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် နယ်မြေအေးချမ်းသာယာရန်အတွက် လုံခြုံရေးစစ်ဆေးမှုများကို ယနေ့နံနက်က မြို့အဝင်/အထွက်နေရာများတွင်ပြုလုပ်ခဲ့ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး မြို့နယ်ရဲတပ်ဖွဲ့စခန်းမှတပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖတို့မှကြီးကြပ်၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ချောင်းဆုံမြို့နယ်အတွင်း နယ်မြေအေးချမ်းသာယာရန်နှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီနေထိုင်ရေး၊ လက်ကိုမကြာခဏဆေးကြောခြင်း၊ နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်သွားလာကြရန် အသိပညာ ပေးပြောကြားခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)