ဖျာပုံ အောက်တိုဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု ဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် Mask တပ်ဆင် ထားခြင်းမရှိသူ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခြင်းကို အောက်တိုဘာလ (၃၁)ရက်နေ့ နံနက်(၈)နာရီအချိန်က ဖျာပုံမြို့ ချောင်းတွင်းလမ်းမ ကြီး ၊ဗိုလ်ချုပ်ကြေးရုပ်နှင့် လူစည်ကားရာနေရာများ၌ ပြုလုပ်ကြသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး နှိုးဆော်မှုများကို မြို့ပေါ်လူစည်ကားရာ နေရာများဖြစ်သော ဖျာပုံမြို့ ချောင်းတွင်းလမ်းမကြီး၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့နှင့် လူစည်ကားရာနေရာများ တွင် Mask တပ်ဆင်ထားခြင်း မရှိသူများအား၊ Mask Campaign ဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)