လောက်ကိုင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ဝန်ထမ်းမိသားစု ကျောင်းသား/ ကျောင်းသူ များအား ပညာသင်ထောက်ပံ့ကြေးများပေးအပ်

လောက်ကိုင် မေ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူးရုံးခန်းတွင် ယနေ့မွန်းလွဲပိုင်းက ဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်ပ ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းဇော်လှမှ မိမိတို့၏ သားသမီးများအား ပညာတတ်လူငယ်များ ဖြစ်လာစေရေး အကောင်းဆုံးပြုစုပျိုးထောင် ပေးကြစေလိုကြောင်း၊ ဌာနအနေဖြင့်လည်း ဝန်ထမ်းများ၏ သား/သမီးများအား ပညာရည် မြင့်မားစေရေး ဆက်လက်ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းဇော်လှမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ပညာသင်ကြား နေသည့် ဝန်ထမ်းသား/သမီး (၁၅) ဦးအား တစ်ဦးလျှင် ယွမ် (၁၀၀) နှင့် ကျောင်းသုံး သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ညိုညိုဝင်း ( လောက်ကိုင်)