ဗဟန်း မေ ၂၈
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ တိုက်ကွမ်ဒိုပြိုင်ပွဲကို ရန်ကုန်အနောက်ပိုင်း ခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့၊ နံနက် ၁၁ နာရီ က ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်မှူးက ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၂)ဦးတို့ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသည့်ကျောင်းသား/သူ များကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ ကြောင်း သိရသည်။
စန္ဒာမိုး