သာစည် မေ ၂၈
ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မီးသတ်ဦးစီးမှူးရုံး၏ အိမ်ထောင်သည်တပ်ဖွဲ့ဝင်မိသားစုများ ဗုဒ္ဓဘာသာအခြေခံကောင်းများ ရရှိပြီးကိုယ်နှုတ်နှလုံးယဉ်ကျေးလိမ္မာစေရန်ရည်ရွယ်၍ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို ယနေ့နံနက် ၉ နာရီက အဆိုပါဦးစီးဌာန၌ ဖွင့်လှစ်ကြောင်းသိရသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး သင်တန်း ဖွင့်လှစ်သည်။ ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက အမှာစကား ပြောကြားသည်။ ထို့နောက် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိန်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်သွယ်သွယ်စန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ဒုမီးသတ်ဦးစီးမှူးဒေါ်အေးသန္တာထွေးက သင်တန်းအကြောင်း သိကောင်းစရာများကို ပြောကြားသည်။ အဆိုပါသင်တန်းကို အိမ်ထောင်သည်တပ်ဖွဲ့ဝင်များ၏ မိသားစုကလေး ငယ်များနှင့် အမျိုးသမီးများအား နှစ်ပိုင်းခွဲကာ သင်တန်းနည်းပြနှစ်ဦးတို့က ပို့ချသွားမည်ဖြစ်ပြီး သင်တန်းကို မေ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှညနေ ၄ နာရီအထိ သင်ကြားခြင်းနှင့်ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲသို့ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သူ ၂၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်