ပြည်မြို့နယ်တွင် "မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ"ကျင်းပ

ပြည် မေ ၂၈

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် သစ်တောသစ်ပင်များဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊  ဒေသတွင်း အပူချိန်လျော့ကျလာစေရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းကာကွယ်ရေးတို့အတွက် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၈နာရီက ပြည်-အောင်လံကားလမ်းဘေး တုံးရေကြိုးဝိုင်း အကွက်အမှတ် ၁၂ ၌ "မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ"ကျင်းပခဲ့သည်။

အဆိုပါ"မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ"တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနိုင်လင်းဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် သစ်တော ဦးစီးဌာနမှဝန်ထမ်းများ စုပေါင်းအင်အား ၁၂၀ ခန့်ဖြင့် "ကျွန်း၊ ပိတောက်၊ မဟော်ဂနီ၊ ခရေနှင့် ရေတမာပင် " စုစုပေါင်းပျိုးပင်ရေ ၃၅၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း မြို့နယ်သစ်တောဦးစီးဌာနရုံးမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)