နတ်မောက် မေ ၂၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဝက်မွေးမြူသူများသည် မိရိုးဖလာ ဒေသဝက်မျိုးများကို မွေးမြူလေ့ရှိကြပြီး ယခုအခါအသားတိုး (CP) ဝက်သားပေါက်များကိုပါ စမ်းသပ်မွေးမြူလာကြကြောင်း သိရသည်။
ဒေသဝက်မျိုးများဖြစ်သည့် ဘိုကိတ်၊ လပ်စဝှိုက်ဝက်မျိုးသားပေါက်တစ်ကောင်ကို ၅၀၀၀ဝိ/- ကျပ်မှ ၇၀၀၀ဝိ/-ကျပ် ဈေးအထိ ရောင်းဝယ်ကြပြီး၊ (CP) ခေါ် အသားတိုးဝက်သားပေါက်တစ်ကောင်ကို ၁၃၀၀၀ဝိ/-မှ ၁၅၀၀၀ဝိ/-ဈေးအထိ ရောင်းဝယ်ကြကြောင်း ဝက်မွေးမြူသူ သမှုန်းကုန်းရွာမှ ကိုခင်အောင်က ပြောသည်။
နတ်မောက်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ဝက်မွေးမြူသူများသည် ယခုအခါ ( CP ) အသားတိုး ဝက်သားပေါက်များကို ဝယ်ယူကြ၍ အသင့်စပ်ပြီးဝက်စာ (CP) စာများဖြင့် ကျွေးမွေးပြစုလျက်ရှိကာ ဝက်ခြံတစ်ခြံလျှင် ဝက်သားပေါက်ကောင်ရေ (၁၀)ကောက်မှ အကောင် (၂၀)အထိ ထည့်သွင်းမွေးမြူ ထားရှိကြကြောင်း၊ (CP) ဝက်သားပေါက်များ၏ ကျန်းမာရေးအတွက် သန့်ရှင်းသောဝက်ခြံအဖြစ် စနစ်တကျအမိုးအကာဖြင့် တည်ဆောက်မွေးမြူထားကြောင်း၊ (CP) အသားတိုးဝက်များကို ခြံတွင် ထည့်သည့်နေ့မှ ရက်သတ္တပတ် (၁၃)ပတ်မှ (၁၆)ပတ်အတွင်း ဝယ်ယူသူကုမ္မဏီများသို့ ရောင်းချနိုင်ပြီဖြစ်ကြောင်း၊ လွန်ခဲ့သည့် (၂)လခန့်က ကုမ္မဏီဝယ်ဈေးမှာ တစ်ပိဿာလျှင် ကျပ်(၁၀၅၀ဝိ/-)မှ (၁၁၀၀ဝိ/-) ဈေးနှုန်းအထိပေး၍ ဝယ်ယူခဲ့ကြောင်း၊ အကျိုးအမြတ်ရရှိသည့်အတွက် (CP) အသားတိုး ဝက်မွေးမြူရေးကို ကျေးရွာအတော်များများ၌ တွင်တွင်ကျယ်ကျယ် မွေးမြူလာကြကြောင်း ဝက်မွေးမြူရေးလုပ်ကိုင်သူ ဦးမြင့်ထွန်းထံက သိရသည်။
မူမူစန်း