ဒိုက်ဦး မေ ၂၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဥ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍများအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေပေးအပ်ပွဲကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ယမန်နေ့နံနက်(၉)နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဒိုက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဆန်းဦးက MSMEs ကဏ္ဍများဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အသေးစား၊ အလတ်စားလုပ်ငန်းများအတွက် နိုင်ငံစီးပွားရေးရန်ပုံငွေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်မြင့်မားစေရန် ရင်းနှီးမတည်ငွေထုတ်ချေးငွေကျပ်သိန်းပေါင်း(၃၄၁၀)အား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒိုက်ဦးမြို့နယ်အတွင်းရှိ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် MSMEs လုပ်ငန်းရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ငါးခြောက်အမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းများလုပ်ကိုင်သူ၊ ဝါးခမောက်လုပ်ငန်းလုပ်ကိုင်သူ၊ ဝါးကုလားထိုင်လုပ်ငန်းလုပ်ကိုင်သူ၊ မုန့်လုပ်ငန်းလုပ်ကိုင်သူ၊ (၁၁)ဦးအား ချေးငွေကျပ် သိန်း(၄၁၀)ကျပ်နှင့် မွေးမြူရေးလုပ်ငန်းများအတွက် ကျပ်သိန်း(၈၀၀)ကျပ်တို့အား အသီးသီးပေးအပ်ခဲ့ပြီး ကျန်ရှိသောစိုက်ပျိုးရေးလုပ်ငန်းများအတွက် ကျပ်သိန်း(၂၂၀၀)ကျပ်အား ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)