သံတောင်ကြီး မေ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်း အသင်းတော် အမျိုးသမီးအသင်းမှ ဦးဆောင်၍ ယက်ကန်းသင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်ခန်းမ၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ယက်ကန်းသင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် အမျိုးသမီးများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကရင်ရိုးရာ ယက်ကန်းလုပ်ငန်းများ မပျောက်ပျက် ထိန်းသိမ်းနိုင်စေရန်၊ အမျိုးသမီးများအနေဖြင့် တစ်ပိုင်တစ်နိုင် ယက်ကန်းလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်ရန် ရည်ရွယ်၍ ယက်ကန်း သင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ဇိုင်းယာန်းနှစ်ခြင်းအသင်းတော် အမျိုးသမီးအသင်း ဥက္ကဋ္ဌ နော်ဥမ္မာထံက သိရသည်။
အဆိုပါ ယက်ကန်းသင်တန်းတွင် သင်တန်းဆရာ (၂)ဦးဖြင့် သင်ကြားပေးခြင်းဖြစ်ပြီး အမျိုးသမီး သင်တန်းသူ (၂၀)ဦး တက်ရောက်ကာ သင်တန်းကာလ (၂)ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
နော်နော်မူ