မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာ‌ပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြသခြင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပညာရေးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာ‌ပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြသခြင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီအချိန် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း‌‌‌‌‌‌‌ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ (၃၄) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ယမန်နေ့နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်၊ မြို့အသင်းခွဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စျေးနှုန်းမှန်ကန်စွာရောင်းချခြင်း ရှိ၊ မရှိကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စက်သုံးဆီရောင်းချလျက်ရှိသော ဆီဆိုင်များအား ပုံမှန်စျေးနှုန်းအတိုင်းရောင်းချခြင်း ရှိ၊မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ တာဝန်ရှိသူများက စစ်ဆေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ၂၀၂၅ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော်နှင့် လူမျိုးပေါင်းစုံယဉ်ကျေးမှုဖလှယ်ပွဲတို့တွင် တိုင်းရင်းသားရိုးရာ အကအလှများဖြင့် စုံလင်စွာ အတူဆင်နွှဲပါဝင်နိုင်ရေး စာပေယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ခေါင်း ဆောင်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သွားမည့် ၂၀၂၅ ခုနှစ်၊ ရိုးရာ ကောက်သစ်စား (အင်လုံအင်နန်ရှား)ပွဲတော်နှင့် လူမျိုးပေါင်းစုံယဉ်ကျေးမှုဖလှယ်ပွဲ အခမ်းအနားများတွင် တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံ အတူတကွပါဝင်ဆင်နွှဲနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့သည်။

ပြင်ဦးလွင်မြို့တွင်  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ  ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် နှင့် အလှူရှင်များမှ  ကျောက်မဲမြို့နယ်ပြည်သူ့ဆေးရုံနှင့် အမှတ် ( ၁ ) တပ်မတော်ဆေးရုံ  ကုတင် ( ၇၀၀) တို့အတွက် အောက်စီဂျင်စက်ပေးအပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် နှင့် အလှူရှင်များမှ  ကျောက်မဲမြို့နယ်ပြည်သူ့ဆေးရုံနှင့် အမှတ်  (၁) တပ်မတော်ဆေးရုံ  ကုတင် ( ၇၀၀) တို့အတွက် အောက်စီဂျင်စက်များပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်း(၁၂:၃၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များတက်ရောက်ကြသည် ။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များမှ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၃ ရက် မွန်းလွဲပိုင်းတွင် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ မြို့ရှေ့ကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်သည့် ကန့်ဘလူမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များတွင် သီတင်းသုံးတော်မူနေကြသည့် သက်တော်ရှည် ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

 ​ကျောင်းသား၊ ကျောင်းသူများ အထွေထွေဗဟုသုတ ရရှိနိုင်စေရန် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် အထွေထွေဗဟုသုတရရှိစေရရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာပေချစ်မြတ်နိုးသူများ အသင်းမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာ ၁၂ ရက် နံနက် (၉း၀၀) နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အမှတ်(၁၅)အခြေခံပညာကျောင်း (ဖိုးရာဇာ)ခန်းမ၌​ပြုလုပ်ရာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန် /ဆက်ဦးစီးအရာရှိ ဦး​မြင့်ဇော်၊ အ.ထ.က (၁၅) ကျောင်းအုပ်ဆရာကြီးကိုယ်စား တာဝန်ခံဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ စာ​ရေးဆရာများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးအေးထွန်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက် စီးခဲ့သည့် ဘုရားစေတီများပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး အလှူငွေများလှူဒါန်း       

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးအေးထွန်းသည် တာဝန်ရှိသူများလိုက်ပါ လျက် နိုဝင်ဘာ(၁၃)ရက် မွန်းလွဲ(၁)နာရီခွဲက ဆည်တော်နံရွှေမုဌောဘုရားရင်ပြင်တော်ရှိဓမ္မာရုံ၌ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သော အနော်ထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ကျောက်ဆည်မြို့ ရွှေသာလျောင်တောင်ပေါ်ရှိ ဆုတောင်းပြည့် ဘုရားကြီး ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး ဂေါပကအဖွဲ့ထံသို့ အလှူငွေ(၂၀၀)သိန်းကျပ် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချူပ် မြစ်ကြီးနားမြို့စီတာပူမနောကွင်းမဂျွယ်ခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ ပူးပေါင်းပါဝင်သည့် ၂၀၂၅ ခုနှစ်၊ ရိုးရာကောက်သစ်စား(အင်လုံအင်နန်ရှား)ပွဲတော်ကိုကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အထင်ကရနေရာတစ်ခုဖြစ်သည့် စီတာပူမနောကွင်းအတွင်းရှိ မဂျွယ် ခန်းမ၌ ရိုးရာအစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပွဲတော်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၆) ကတိသစ္စာခံယူပွဲနှင့် သင်တန်းဆင်းပွဲ ပြုလုပ်

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၆) သင်တန်းဆင်းပွဲကို နိုဝင်ဘာ  ၁၃ ရက် နံနက် ၈ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ တပ်မတော် (ကြည်း) အမှတ်(၁) အရာခံနှင့်အကြပ်ကြီးသင်ကျောင်းစစ်ရေးပြကွင်း၌ ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တောင်ကြီးခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းမင်းသိန်း၊ ဗထူးတပ်နယ်မှူးဗိုလ်မှူးချုပ် ဇေယျာလင်း၊ တပ်မတော်(ကြည်း) အမှတ်(၁) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး‌ ကျော်သူလှိုင်နှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းစိုးနိုင် ၊မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက် /ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၄၈၁)ဦး တက်ရောက်ခဲ့ကြသည်။
Subscribe to