ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားတက်ရောက်၊ ကျောင်းသား၊ ကျောင်းသူများစာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေး
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အရာထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။