နမ့်စန်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် ပူးပေါင်းအဖွဲ့စုံဖြင့် ရှောင်တခင်စစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး၊ တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်ခြင်း မရှိစေရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ယမန်နေ့ နေ့လယ် ၂ နာရီက အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်နှင့် နမ့်စန်-မိုးနဲ မြို့အဝင် စစ်ဆေးရေးဂိတ်တို့တွင် ရှောင်တခင်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းကြီးများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် အခမဲ့ကျန်း‌မာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက Pfizer Comirnaty Omicron XBB.1.5 ထိုးနှံပေးခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၀ နာရီ ပြည်နယ်အစိုးရအဖွဲ့ရုံး ဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

မင်းလှမြို့နယ် မလွန်အ‌ခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးကုသပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မကွေးတိူင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မတ်လတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား  ကျန်းမာရေး စစ်ဆေးပေးပြီး ဆေးကုသဆောင်ရွက်ပေးခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက မလွန်အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ပေးခဲ့သည်။

ပိဋကတ်သုံးပုံမြန်မာပြန်စာအောင်သံဃာတော်များ၊ သီလရှင်များနှင့်လူပုဂ္ဂိုလ်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကျင်းပ

ပိဋကတ်သုံးပုံမြန်မာပြန်စာအောင်သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ မဟာဝိဇယစေတီတော်ဝင်းအတွင်းရှိ ပို့ဆောင်ရေးဓမ္မာရုံ၌ ကျင်းပသည်။

နတ်မောက်မြို့နယ်၌ သဘာဝမြေဩဇာနှင့် သစ်စိမ်းမြေဩဇာများပြုလုပ်ရန် ပိုက်ဆံလျှော် မျိုးစေ့ထုတ် စိုက်ခင်းများ စိုက်ပျိုးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးတောင်သူများ သီးနှံစိုက်ပျိုးရာတွင် အသုံးပြုရန်အတွက် သဘာဝမြေဩဇာနှင့် သစ်စိမ်းမြေဩဇာများ ပြုလုပ်ရန် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ်အတွင်း၌ စိုက်ပျိုးထားရှိသော ဥစားကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် စားဖိုချောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ဥစားကြက်သွန်နီများကို ကျေးလက်နေပြည်သူများအနေဖြင့် မြေအောက်ရေပေးသွင်းခြင်းဖြင့် စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးထားသော ကြက်သွန်နီများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်စက်ရုံ/အလုပ်ရုံများ ဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး၍ အမှတ်ပေးခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်စက်ရုံ/အလုပ်ရုံများ ဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး၍ အမှတ်ပေးခြင်းလုပ်ငန်းအား ဖေဖော်ဝါရီလ ၂၃ ရက်က ကျိုင်းတုံမြို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပုဗ္ဗသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြိုနယ်၊ သပြေတန်းကျေးရွာအုပ်စု၊ ရာဇဌာနီလမ်းဘေးရှိ ကွင်းအမှတ် ၁၆၄၁ အတွင်း ဆောင်းနေကြာမျိုးစေ့ထုတ်စိုက်ခင်းအနီး ယာယီရှင်းလင်းဆောင်၌ တောင်သူများနှင့်တွေ့ဆုံရာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် နည်းလမ်းများ၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲသည့် နည်းလမ်းများကို ရှင်းလင်းတင်ပြကြသည်။

ဆိပ်ဖြူမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ပံ့ပိုးငွေပေးအပ်ခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ပံ့ပိုးငွေပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ပြုလုပ်သည်။

သန်လျင်၌ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နှစ်ပတ်လည်နေ့ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ တက္ကသိုလ်တည်ထောင်ခြင်း (၂၆)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ယမန်နေ့နံနက်(၉)နာရီတွင် သန်လျင်မြို့ရှိ ယင်းတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Subscribe to