သန်လျင်၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့်ဟောပြောပွဲအခမ်းအနား ကျင်းပ

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌  နယ်လှည်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆာင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယ‌မန်နေ့နံနက်ပိုင်းက လွတ်လပ်ရေးရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ပါသည်။

ဥတ္တရသီရိမြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ နေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျောက်ဆည်မြို့နယ်တွင် ရာသီဥတုအညွှန်းကိန်းအခြေပြု သီးနှံအာမခံ ရေကြီးနစ်မြုပ်ခြင်း အကာအကွယ်အတွက် စပါးစိုက်တောင်သူများအား လျော်ကြေးငွေများပေးအပ်

မြန်မာ့အာမခံလုပ်ငန်း  ကျောက်ဆည်ခရိုင်ရုံးတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ  ရာသီဥတုအညွှန်းကိန်း အခြေပြုသီးနှံအာမခံ ရေကြီးနစ်မြှပ်ခြင်းအကာကွယ်အတွက် စပါးစိုက်တောင်သူများအား လျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို အဆိုပါရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂)နှင့် တောင်ကြီးခရိုင်၊ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ တွေ့ဆုံ

ရှမ်းပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂)နှင့် တောင်ကြီးခရိုင်၊ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင်ငွေကျပ်နှစ်သောင်းနှုန်းကို အင်းစိန်မြို့နယ်တွင် ဆက်လက်ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်းသို့ ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူရန်ပုံငွေမှ ထောက်ပံ့ငွေများထုတ်ပေးလျက်ရှိရာ ယမန်နေ့က တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းကို ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်း၊ အင်းစိန်မြို့နယ်ခန်းမ၌ ဆက်လက်ပေးအပ်လျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာ အခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မီးဘေးအသိ မီး‌ဘေးသတိရှိစေရေး အသိပေးနှိုးဆော်

ပူးပြင်း‌သော နွေရာသီသို့ ကူး‌‌ပြောင်း‌ရောက်ရှိလာပြီဖြစ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်တွင် မီးဘေးအသိ မီးဘေးသတိရှိစေရေးအတွက် ယနေ့နံနက် (၁၁) နာရီက မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆာမူအဲကြီးကြပ်မှုဖြင့် မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ကိုနိုင်ဦးဆောင်သောသန္ဓေတပ်ဖွဲ့၀င်များက မော်တော်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။
Subscribe to