ဆင်ပေါင်ဝဲမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM Installation နှင့် ဘက္ထရီတပ်ဆင်မှုဆိုင်ရာသင်တန်း (ဆင့်ပွား)သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်ခန်းမ၌ ယမန်နေ့နံနက် (၉)နာရီအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM Installation နှင့် ဘက္ထရီတပ်ဆင်မှုဆိုင်ရာ သင်တန်း(ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဘုတ်ပြင်းမြို့နယ်၌ မဲစာရင်းများပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲစာရင်းတွင်ပါရှိရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေကြီး၊ ဘုတ်ပြင်းမြို့နယ်၌ မဲစာရင်းများပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများအားလုံး ဒုတိယအကြိမ်မဲစာရင်းတွင်ပါရှိနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့ အဘကိုးမြို့ရှင် (ပင်မ)ဗိမာန်တော်ကြီးမှ အလှူငွေကျပ်သိန်း(၃၀၀၀)အား ဘာသာ၊ သာသနာထွန်းကားပြန့်ပွားစေရန် ပေးအပ်လှူဒါန်းပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အဘကိုးမြို့ရှင် (ပင်မ)ဗိမ္မာန်တော်ကြီးမှ အလှူငွေကျပ် (၃၀၀၀)အား ဘာသာ၊ သာသနာတော်ထွန်းကားပြန့်ပွားစေရန်အတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မကာဟိုခမ်းရပ်ကွက်၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗဟန်းမြို့နယ်၊ အ.လ.က(၃)ကျောင်းတွင် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်ပြိုင်ပွဲများကျင်းပ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း၊ မြတ်ပန်းမဉ္ဇူခန်းမတွင် ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးမှ (၁၀၅)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ  အကောင်အထည်ဖော် ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော်လွိုင်ကော်အား စိမ်းလန်းသောမြို့၊ သန့်ရှင်းသောမြို့ဖြစ်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက်လွိုင်ကော်မြို့ ကန္ဒရဝတီဂေါက်ကွင်း၊ ထေးငှားလျားကန်၊ မြို့ပတ်လမ်းနှင့် အထင်ကရနေရာများတွင် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့မွန်းလွဲပိုင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ကျင်းပရာ နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်  ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင်များဖြစ်သည့် ဦးမင်းဦး၊ ဦးဟန်သူ၊ ဦးခင်မောင်လတ်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြတ်ခရိုင်အတွင်း ဆောင်းသီးနှံ (မတ်ပဲ၊ အစေ့ထုတ် ပြောင်းနှင့် မြေပဲ) စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့နှင့်သဘာဝမြေဩဇာများ ပေးအပ်ပွဲ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ(၁၃)ရက် နံနက်ပိုင်းက မြိတ်မြို့ ပုလဲ ရတနာခန်းမတွင် မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဆောင်းသီးနှံ (မတ်ပဲ၊ အစေ့ထုတ်ပြောင်းနှင့် မြေပဲ) စိုက်ပျိုး မည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့နှင့်သဘာဝမြေဩဇာများ ပေးအပ်ပွဲ တက်ရောက်သည်။

ပြည်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လေ့ကျင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လေ့ကျင့်ဆောင်ရွက်မှုကို နိုဝင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပုလဲသီတာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တန့်ယန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလားရှိုး(မယ်ဟန်) - မိုင်းရယ် - ကျေးသီး လမ်းဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်  လမ်းဦးစီးဌာန လမ်းအထူးအဖွဲ့ ၆ မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော လားရှိုး(မယ်ဟန်)-မိုင်းရယ်-ကျေးသီးလမ်း ပြုပြင်ထိန်းသိမ်းနေမှုများအား ယမန်နေ့နေ့လယ် (၁)နာရီ က ကြည့်ရှုစစ်ဆေးသည်။
Subscribe to