သနပ်ပင်မြို့နယ်၊ ‌အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အောက်တကဲကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အောက်တကဲကျောင်း၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ် သမော်အင်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေစေရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေရန် ရည်ရွယ်၍ သမော်အင်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့တွင် ၂၀၂၅ ခုနှစ်၊ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား(၂)ယောက်တွဲ၊ (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့နယ်အားကစားကွင်းတွင် ယမန်နေ့ညနေ ၄ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to