အဆိုးရွားဆုံးပုံစံဖြင့် စေခိုင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေးဟောပြော

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ အဆိုးရွားဆုံးပုံစံဖြင့် စေခိုင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ ရုံးခန်းမတွင် ပြုလုပ်သည်။

မူဆယ်မြို့တွင် တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျှော့ချရေး၊ သစ်တောထိန်းသိမ်းရေး (ခရိုင်အဆင့်) အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်တွင် တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျှော့ချရေး၊ သစ်တောထိန်းသိမ်းရေး (ခရိုင်အဆင့်) အသိပညာပေးဟောပြောပွဲကို မူဆယ်မြို့၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့တွင်းနေ ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ပေးအပ်

‌ကော့ကရိတ်မြို့နယ်အတွင်း ပြန်လည်ဝင်ရောက်လာသော စစ်ဘေးရှောင်မိသားစုဝင်များအား နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက်  ကရင်ပြည်နယ် သာသန့ာနုဂ္ဂဟအသင်းဥက္ကဋ္ဌ ဘာသာပေါင်းစုံ ချစ်ကြည်ရေးနာယက ဦးစောမုတ်သုန်နှင့် ၇ ရက်သားသမီးများ စုပေါင်း၍  ယမန်နေ့မွန်းလွဲ ၃:၀၀ နာရီက အမှတ်(၃)ရပ်ကွက်၊ ဒေါနခန်းမ၌ အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြန့်ဝေပေးအပ်ရာ နယ်မြေခံတပ်မတော်အရာရှိကြီးများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်  ပြည်သူများ စုစုပေါင်း (၁၂၀)ဦး တက်ရောက်ကြောင်း သိရသည်။
Subscribe to