ဘူးသီးတောင်မြို့နယ်၊ တပ်ရာကျေးရွာတွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်များပေါ်သို့ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းများအား စုပေါင်းခုတ်ထွင်ရှင်းလင်း

ဘူးသီးတောင် မေ   ၃၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် တပ်ရာကျေးရွာရှိ နေအိမ်များပေါ်သို့ လဲကျနေသော သစ်ပင်များအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ခုတ်ထွင်ရှင်းလင်းပေးခဲ့ကာ သန့်ရှင်းရေးများ ပြုလုပ်ပေးခဲ့ကြသည်။

ဘူးသီးတောင်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် မြို့နယ်တွင်း ထိခိုက်ပျက်စီးခဲ့ရမှုများ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် စဉ်ဆက်မပြတ် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှကျော်( ပြန်/ဆက်)