ပေါက်ခေါင်း မေ ၃၀
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အထက (ပေါက်ခေါင်း) ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဆရာကြီးဦးအေးလှိုင်က အဖွင့်အမှာစကားနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ဆောင်ပုဒ်ဖြစ်သည့် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်အလေးတိုင်း ကျောင်းတက် နိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ပညာရေးကိုအပြည့်အဝ သင်ကြားနိုင်ရေးအတွက် ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများက ဝိုင်းဝန်းပံ့ပိုးပေးကြပါရန် ပြောကြားပြီး၊ ပညာရေး ဝန်ကြီးဌာနမှ ထောက်ပံ့သော ကျောင်းသုံးပုံနှိပ်ပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရးကိရိယာနှင့် ကျောင်းဝတ်စုံများကို သက်ဆိုင်ရာ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများထံသို့ ကျောင်းအလိုက် ပြန်လည်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)