တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ငွေများ၊ ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများထောက်ပံ့

တံတားဦး  မေ  ၃၀

တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်သို့ တက်ရောက်ပညာသင်ကြားမည့် မိသားစုဝင် သားသမီးများအား ပညာသင်ထောက်ပံ့ငွေများနှင့် ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၉)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပြုလုပ်သည်။

ပညာသင်ထောက်ပံ့ငွေများနှင့်ဗလာစာအုပ်များ၊ စာရေးကိရိယာများပေးအပ်ပွဲတွင် တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်းက ဝန်ထမ်းမိသားစုများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းတို့၌ တက်ရောက်ပညာ သင်ကြားကြမည့် မိသားစုဝင် သား၊ သမီးများအား ပညာသင်ထောက်ပံ့ငွေများနှင့် ကျောင်းဝတ်စုံများ ၊  စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြောကြားသည်။

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဝန်ထမ်းမိသားစုဝင် ကျောင်းသား/သူများထံသို့ ပညာသင်ထောက်ပံ့ငွေများနှင့် ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများကို အသီးသီးပေးအပ်ကြသည်။ တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ၂၀၂၃- ၂၀၂၂၄ ပညာသင်နှစ်အတွက် အခြေခံပညာ အထက်တန်းအဆင့်ကျောင်းသား/သူ(၆)ဦးအား တစ်ဦးလျှင် ကျောင်းဝတ်စုံ(၂)စုံ၊ ထောက်ပံ့ငွေကျပ်(၃၀၀၀၀)၊ ဗလာစာအုပ်သုံးဒါဇင်၊ ဘောလ်ပင်(၃)ချောင်း၊ ခဲတံ(၁)ချောင်းနှင့် ကွန်ဗာဘူးပစ္စည်းစုံ(၁)ဘူး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၂)ဦးအား တစ်ဦးလျှင်  ကျောင်းဝတ်စုံ (၂)စုံ၊ ထောက်ပံ့ငွေကျပ်(၂၀၀၀၀)၊ ဗလာစာအုပ်နှစ်ဒါဇင်၊ ဘောလ်ပင်(၃)ချောင်း၊ ခဲတံ(၁)ချောင်းနှင့် ကွန်ဗာ ဘူးပစ္စည်းစုံ(၁)ဘူး၊ မူလတန်းအဆင့် ကျောင်းသား/သူ(၄)ဦးအား တစ်ဦးလျှင် ကျောင်းဝတ်စုံ(၂)စုံ၊ ထောက်ပံ့ငွေကျပ်(၁၀၀၀၀)၊ ဗလာစာအုပ်တစ်ဒါဇင်နှင့်  ခဲတံ(၃)ချောင်းတို့ကို ထောက်ပံ့ပေးပေးနိုင်ခဲ့ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)