လားရှိုး မေ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က လားရှိုးမြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမတွင် ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဆရာ၊ဆရာမများက “ပညာရေးဝန်ကြီးဌာနအဓိဌာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က နုတ်ခွန်းဆက် အမှာစကားပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ဌေးက ပညာရေးဆိုင်ရာ အချက်အလက်များကို တင်ပြပြီးနောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ အတွက် နိုင်ငံတော်မှပေးအပ်သော ကျောင်းသုံးပုံနှိပ် စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောလ်ပင်နှင့်ခဲတံများ၊ ကျောင်းဝတ်စုံများကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး “ပညာရေးဝန်ကြီး ဌာနအဓိဌာန်” တေးသီချင်းကို သီဆိုဖျော်ဖြေခဲ့ကြသည့် ကျောင်းဆရာ၊ ဆရာမများ၊ ပံ့ပိုးတီးခတ်ပေးသော အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းမှ မောင်ဇော်ဆန်အောင်၊ ဘင်ခရာအဖွဲ့များ၊ ပန်းပွားအဖွဲ့များအား တာဝန်ရှိသူများက ဆုငွေများ ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် “ကျောင်းသွားကြမယ်” တေးသီချင်းကိုသီဆို၍ အခမ်းအနားကိုပိတ်သိမ်းခဲ့ပြီး ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းအပ်နှံမှုများကို လိုက်ခံကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်