မိတ္ထီလာမြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ မေ ၃ဝ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၃ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ  အခမ်းအနားကို ယနေ့ နံနက်  ၈ နာရီ ၃ဝ မိနစ်အချိန်က  မိတ္ထီလာ-မလှိုင်ကားလမ်းအနီး လိန်တော ကြိုးပြင်ကာကွယ်တောတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အဆိုပါစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်သစ်တောဦးစီး ဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးရဲလွင်၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးကိုကိုမောင်နှင့် တာဝန်ရှိသူများက  စိုက်ပျိုးမည့် သစ်ပင်ပျိုးပင်များကို မီးသတ်တပ်ဖွဲ့ဝင်များ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသားသင်တန်းသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စစ်မှုထမ်း ဟောင်းအဖွဲ့ ဝင်များ၊ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး များနှင့်ဒေသခံပြည်သူများထံ သို့ပေးအပ်သည်။ ထို့နောက် လိန်တော ကြိုးပြင် ကာကွယ် တော ၆၅ ဧက နေရာတွင် တမာ၂ဝဝပင်၊ စိန်ပန်း ၂ဝဝ ပင် နှင့် မယ်ဇလီ ၁ဝဝ ပင် တို့ကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများက စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။ ချမ်းသာ