ကျောက်တံခါးမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုဝင်များထံ ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်

ကျောက်တံခါး မေ   ၃၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်း မေ(၁၆)ရက်နှင့် (၂၆)ရက်တို့တွင်  သံပုရာခုန်ကျေးရွာအုပ်စု၊ ရေအေးကျေးရွာနှင့် ဇလုပ်ကြီးကျေးရွာတို့မှ  လေဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ညနေ (၃)နာရီအချိန်က မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတွင် ပြုလုပ်သည်။

 ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ရာတွင် ၂၀၂၃-ခုနှစ်၊ မေလ(၁၆)ရက်နှင့် (၂၆)ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သော ကျောက်တံခါးမြို့နယ် သံပုရာခုန်ကျေးရွာအုပ်စု၊ ရေအေးနှင့် ဇလုပ်ကြီးကျေးရွာတို့မှ လေပြင်းဘေးသင့် နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်(၁၀၀၀၀၀/-)၊ နှင့် အိမ်ထောင်စု (၂) စုမှ လူဦးရေ (၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၁၈၉၀၀/-) စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၁၈၉၀၀/-)အား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လေဘေးသင့်ပြည်သူ့လက်ဝယ်အရောက်  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)