အထက်မင်းလှ ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိသည်။
မင်းလှမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၁)ကျောင်း၊ အ.ထ.ကခွဲ(၁၈) ကျောင်း၊ အ.လ.က (၃၅)ကျောင်း၊ အ.လ.ကခွဲ(၂၀)ကျောင်း၊ မူလွန်ကျောင်း(၃၂)ကျောင်း၊ အ.မ.က(၄၂)ကျောင်း၊ အ.မ.ကခွဲ(၃)ကျောင်း၊ ဘုန်းတော်ကြီးပညာသင် အ.မ.ကကျောင်း(၁)ကျောင်း၊ စုစုပေါင်း(၁၆၂)ကျောင်းရှိရာ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းတွင် ကျောင်းအပ်နှံရန်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ(၂၀၇၁၄)ဦးရှိပြီး၊ မေလ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ (၂၀၄၄၈)ဦး၊ ရာခိုင်နှုန်း(၉၉) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မင်းလှမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းတက်ရောက်နေမှုနှင့် ပညာသင်ကြားနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သန်း၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစန်းမင်းတို့အဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး၊ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)