မိုးမိတ် ဇွန် ၁
၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယနေ့မှစတင်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၀၁) ကျောင်းရှိကာ ယခုနှစ်တွင် ဖွင့်လှစ်နိုင်သော ကျောင်းမှာ (၆၇)ကျောင်းရှိကာ နယ်မြေအခြေအနေအရ မဖွင့်လှစ်နိုင်သော ကျောင်းမှာ (၃၄)ကျောင်းရှိပြီး မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံထားသည့် ကျောင်းဦးရေမှာ (၅၈) ကျောင်းဖြစ်ပြီး ကျောင်းသား (၃၉၄၉) ဦးနှင့် ကျောင်းသူ (၄၂၁၂) ဦး စုစုပေါင်း (၈၁၂၁) ဦး အပ်နှံထားပြီးဖြစ်ကြောင်းနှင့် ကျောင်းအပ်နှံမှုကို ဆက်လက်လက်ခံလျက်ရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ကျောင်းတက်နိုင်ရေးအတွက် မြို့နယ်ရဲစခန်းမှ ဒုရဲအုပ် ကျော်လွင်နိုင်နှင့် တပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည်ဟု မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စည်သူဌေး (ခရိုင်ပြန်/ဆက်)