ချောင်းဆုံ ဇွန် ၁
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်းများကို ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ကာ ကျောင်းသား/သူများအား ဆရာ/ဆရာမများမှ ကျောင်းနေပျော်၍ စာတော်သောကလေးများ ဖြစ်လာစေရန် အေးချမ်းစွာ သင်ကြားပြသလျက် ရှိကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၁၁) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း (၁) ကျောင်းနှင့် ကိုယ်ပိုင် မူလတန်းကျောင်း (၁) ကျောင်း တို့တွင် မူလတန်းအဆင့် ကျောင်းသား/သူ (၁၆၂၀၆) ဦး၊ အလယ်တန်းအဆင့် (၄၅၀၁) ဦး၊ အထက်တန်း အဆင့် (၂၀၂၂) ဦး စုစုပေါင်း (၂၂၇၂၉) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း ဒုမြို့နယ်ပညာရေးမှူး ဦးတင်မျိုးနိုင်ကပြောသည်။
ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၃ ရက်နေ့ နံနက်မှစတင်၍ “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့”ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်အထက် ကျောင်းများတွင် ကျောင်းအပ်လက်ခံခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)