ပုဗ္ဗသီရိ ဇွန် ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ မေလ ၂၃ ရက်နေ့မှစတင်၍ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံလျက်ရှိရာ ယနေ့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ၇ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၅) ကျောင်း၊ အလယ်တန်းကျောင်း (၃) ကျောင်း၊ အလယ်တန်းကျောင်းခွဲ တစ်ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၄) ကျောင်း၊ မူလတန်းကျောင်း (၂၉) ကျောင်း၊ စုစုပေါင်း (၅၉)ကျောင်းတွင် စတင်ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်မြင့်(ပုဗ္ဗသီရိ)