၂၀၂၃- ၂၀၂၄ ခုနှစ် ပညာသင်နှစ် သံဖြူဇရပ်မြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

သံဖြူဇရပ် ဇွန် ၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ သက်ဆိုင်ရာ အတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိသည်။

သံဖြူဇရပ်မြို့နယ်တွင် အခြေခံပညာအထက်တန်း(၁၀)ကျောင်း၊ အထက်တန်း-ခွဲ(၄)ကျောင်း၊ အလယ်တန်းကျောင်း(၆)ကျောင်း၊ အလယ်တန်း-ခွဲ(၁၁)ကျောင်း၊ မူလွန်ကျောင်း(၂၅)ကျောင်း၊ မူလတန်းကျောင်း(၇၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း(၁)ကျောင်း စုစုပေါင်း(၁၃၂)ကျောင်းတို့တွင် ကျောင်း ပြန်လည် စတင်ဖွင့်လှစ်ပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၈၅၅၇)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကျောင်းမဖွင့်မီ ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းရေးများကို စနစ်တကျ အစီအမံမျာပြုလုပ်၍ အေးချမ်းစွာပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)