ကဝမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ကဝ ဇွန် ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်ကျောင်းများ စတင်ဖွင့်လှစ်သည့် ယနေ့ ဇွန်လ (၁)ရက်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် သင်ကြားမှုအား မြို့နယ်ပညာရေးမှူးရုံးမှ ပညာရေးမှူး ဦးလင်းအောင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းဌေးနှင့် တာဝန်ရှိသူများက အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးခြင်းနှင့် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ကဝမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၇၁)ကျောင်းတို့၌ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)