မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ရပ်ကွက် (၁၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၉) အုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ/ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံပြီး လေဘေးသင့်ပြည်သူများအား ခွဲဝေထောက်ပံ့ သော စားရေးရိက္ခာများ၊ အိမ်ဆောက်ပစ္စည်းများ ထုတ်ယူဖြန့်ဝေမှုအခြေအ

မြေပုံ မေ ၃၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက “မိုခါ” လေဘေးသင့် ပြည်သူများသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များထောက်ပံ့သည့် စားရေးရိက္ခာပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများ ခွဲဝေထောက်ပံ့ပေးမှုနှင့် ဖြန့်ဝေမှု များအား ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နေ့လည် (၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားသို့ သဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်စိုး၊ နယ်မြေခံတပ်နယ်မှ ဗျူဟာမှူးဗိုလ်မှူးကြီးထွဋ်ခေါင်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌဦးခိုင်လင်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီ ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတို့ တက်ရောက်ကြရာ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက  ဘေဘေးသင့်ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်နှင့် အရေးပေါ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင် ရေးကော်မတီနှင့် အလှူရှင်များထောက်ပံ့သည့် စားရေးရိက္ခာပစ္စည်းများ၊ အဆောက်အဦသုံးပစ္စည်းများအား လိုအပ်သည့်နေရာများ၌ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်ဖြင့် ဆောလျင်စွာဖြန့်ဝေအသုံးပြုနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဆွေးနွေးသည်။

မြေပုံမြို့နယ်တွင် “မိုခါ” မုန်တိုင်းသင့်ပြည်သူ (၃၁၅၅၃) ဦးတို့၏ စားရိက္ခာများနှင့် အမိုး/အကာ အောက်ရောက်ရှိနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သာသနိကအဆောက်အဦများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဦးစားပေးဆောင်ရွက်ရာ၌ မှန်ကန်မြန်ဆန်စေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ပြောကြား ပြီး ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်သန်းအား လေဘေးသင့်ပြည်သူများ စားရေးရိက္ခာ (ဆန်)နှင့် ဘေးအန္တရာဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် Family Kit (၁၅၀) ဗူး တို့ကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်က ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်းအား ခေါက်ဆွဲခြောက်၊ ဆီ တို့အား ထောက်ပံ့ပေးအပ်ကာ ပြည်သူများလက်ဝယ်သို့ မြန်ဆန်စွာရောက်ရှိရေး ဆွေးနွေးကြောင်း သိရှိရသည်။

တင်ဝင်း